State Counsellor Daw Aung San Suu Kyi hosts luncheon to commemorate founding of ASEAN

Daw Aung San Suu Kyi, State Counsellor and Union Minister for Foreign Affairs of the Republic of the Union of Myanmar, hosted ASEAN Luncheon in commemoration of the 52nd anniversary of the founding of ASEAN on 27th August 2019 at Park Royal Hotel in Nay Pyi Taw.

Present at the Luncheon were Union Minister Thura U Aung Ko, Ministry of Religious Affairs and Culture which is focal Ministry for the ASEAN Socio-Cultural Community, Union Minister U Thaung Tun, Ministry of Investment and Foreign Economic Relations which is focal Ministry for the ASEAN Economic Community, Union Minister U Kyaw Tin, Ministry of International Cooperation which is focal Ministry for the ASEAN Political-Security Community and spouse, ASEAN Ambassadors and their spouses, Permanent Secretaries from the focal Ministries of the three Pillars of ASEAN Community, Deputy Chiefs of Missions from the ASEAN Embassies, and Directors General and Deputy-Directors General from the Ministry of Foreign Affairs. 

Before the Luncheon, traditional costumes of each ASEAN Member State were shown in a video presentation as part of the activities of ASEAN Cultural Year – 2019.
At the Luncheon, they cordially exchanged views on matters related to strengthening ASEAN unity, preserving ASEAN identity and promoting ASEAN profile and public awareness including ASEAN Community building, its diverse culture and heritage.

Prior to the Luncheon, Union Minister for International Cooperation U Kyaw Tin held an informal joint meeting with ASEAN Ambassadors at Park Royal in Nay Pyi Taw. During the meeting, the Union Minister updated the Ambassadors on recent developments in Myanmar and they exchanged views on issues of common interests and matters related to the promotion of relations and cooperation under the contexts of both bilateral and ASEAN frameworks.

Ref; The Global New Light of Myanmar

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံနေ့အထိမ်းအမှတ် နေ့လယ်စာစားပွဲ တည်ခင်းဧည့်ခံ

(၂၇-၈-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် (၅၂) ကြိမ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားအဖြစ် အာဆီယံမိသားစု နေ့လယ်စာစားပွဲကို သြဂုတ်လ ၂၇ ရက်နေ့ တွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ တည်ခင်းဧည့်ခံသည်။

အဆိုပါနေ့လယ်စာစားပွဲသို့ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်ဆိုင်ရာ ကိစ္စရပ်များကို အဓိက တာဝန်ယူ ညှိနှိုင်းဆောင်ရွက်သည့် ဝန်ကြီးဌာနဖြစ်သော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်ဆိုင်ရာ ကိစ္စရပ်များကို အဓိကတာဝန်ယူ ညှိနှိုင်းဆောင်ရွက်သည့် ဝန်ကြီးဌာနဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်ဆိုင်ရာ ကိစ္စရပ်များကို အဓိကတာဝန်ယူ ညှိနှိုင်းဆောင်ရွက်သည့် ဝန်ကြီးဌာနဖြစ်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဇနီး၊ ရန်ကုန်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီး/ခင်ပွန်းများ၊ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ခုဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ အာဆီယံသံရုံးများမှ ဒုတိယသံရုံးအကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြသည်။

နေ့လယ်စာစားပွဲမစတင်မီ အာဆီယံယဉ်ကျေးမှုနှစ်-၂၀၁၉ (ASEAN Cultural Year-2019) အထိမ်းအမှတ် လှုပ်ရှားမှုတစ်ရပ်အဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ ရိုးရာဝတ်စားဆင်ယင် ထုံးဖွဲ့မှုများကို ဗီဒီယိုဖြင့် တင်ဆက်ပြသသည်။

အာဆီယံနေ့လယ်စာစားပွဲတွင် အာဆီယံ၏ စည်းလုံးညီညွှတ်မှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ အာဆီယံ၏ သွင်ပြင်လက္ခဏာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အာဆီယံအသိုက်အဝန်း တည်ထောင်မှု၊ အာဆီယံ၏ မတူကွဲပြားသော ယဉ်ကျေးမှုနှင့် အမွေအနှစ်များ အပါအဝင် ပြည်သူများအကြား အာဆီယံဆိုင်ရာ အသိအမြင် ဗဟုသုတများနှင့် အာဆီယံ၏ ပုံရိပ်တို့ကို တိုးမြှင့်ရေး စသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး အမြင်ချင်းဖလှယ်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အာဆီယံနေ့လယ်စာစားပွဲမကျင်းပမီ နေပြည်တော်ရှိ Park Royal ဟိုတယ်၌ အာဆီယံ သံအမတ်ကြီးများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းအသိပေး ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးများသည် နှစ်နိုင်ငံနှင့် အာဆီယံမူဘောင်အောက်တို့မှ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။