Space Cooperation potential with the Indo-Pacific Seminar သို့ ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်(၂–၁၂-၂၀၂၂ရက်)

(၁၂၂၀၂၂ ရက်၊ ပရာ့ဂ်)

ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၃၀၁၁၂၀၂၂ ရက်၌ ကျင်းပခဲ့သော Space Cooperation potential with the Indo-Pacific Seminar သို့ ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံဒေါက်တာဘုန်းလင်းကြိုင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ချက်နိုင်ငံခြားရေးဝန်ကြီး၏ Indo-Pacific ဆိုင်ရာ အထူးကိုယ်စားလှယ်၊ ချက်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ Indo-Pacific ဒေသတွင်း နိုင်ငံများမှ သံအမတ်ကြီးများ၊ ချက်နိုင်ငံနှင့် Indo-Pacific ဒေသတွင်းနိုင်ငံများရှိ Space Agency များနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်းနှင့် ချက်သမ္မတနိုင်ငံက EU အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း ဥရောပကော်မရှင်၏ ပံ့ပိုးမှုဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။