အီသီယိုးပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၃-၇-၂၀၂၆ ရက်တွင် အဒစ်အဘာဘာမြို့၊ Addis Ababa Exhibition Center ၌ ကျင်းပပြုလုပ်ခဲ့သည့် Shegger International Investment Expo 2026 ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
Shegger International Investment Expo 2026 သည် အီသီယိုးပီးယားနိုင်ငံ Shegger မြို့၏ ကုန်သည်ကြီးများအသင်းက ကြီးမှူး၍ ကျင်းပသည့် ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ ကုန်စည်ပြပွဲကြီးဖြစ်ပါသည်။ Shegger International Investment Expo 2026 တွင် ပြည်တွင်း/ ပြည်ပကုမ္ပဏီ ၁၀၀ ကျော်ခန့်က ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းများကို ပါဝင်ပြသခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ၊ အဒစ်အဘာ ဘာမြို့အခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



