Press Statement on terrorist attack in Pulwama, Jammu and Kashmir
Press Statement
Myanmar strongly condemns the heinous terrorist attack in Pulwama, Jammu and Kashmir on 14 February 2019 that claimed many lives and caused a number of injuries.
Myanmar has consistently condemned terrorism in all its forms and manifestations, and stands together with the international community in the fight against this grave global danger.
The Government of the Republic of the Union of Myanmar expresses its deepest condolences to the bereaved families of the victims as well as to the government and people of the Republic of India.
Ministry of Foreign Affairs
Nay Pyi Taw
Dated, 18 February 2019
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၊ Pulwama ခရိုင်၌ လူအများအပြား အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်စေခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် တိုက်ခိုက်မှုအား မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
မြန်မာနိုင်ငံသည် အကြမ်းဖက်မှု မှန်သမျှကို မည်သည့်ပုံစံမျိုးဖြင့် ကျူးလွန်သည်ဖြစ်စေ အစဉ်တစိုက် ရှုတ်ချလျက်ရှိပြီး ယင်းကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အား တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုက်အဝန်းနှင့် အတူတကွ ရပ်တည်လျက်ရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် အကြမ်းဖက်မှုကြောင့် သေဆုံးကြရသူများ၏ ကျန်ရစ်သူ မိသားစုဝင်များအားလည်းကောင်း၊ အိန္ဒိယအစိုးရနှင့် ပြည်သူလူထုအား လည်းကောင်း ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ လွန်စွာ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။





