မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ မှန်ကန်စွာနားလည်သိရှိနိုင်မှုတိုးမြှင့်ရေးအတွက် Open Dialogue on Myanmar: Past, Present and Future ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ၅-၆-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာသံရုံး၊ လန်ဒန်မြို့၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကို အပိုင်းနှစ်ပိုင်းဖြင့်ကျင်းပခဲ့ရာ ပထမပိုင်းတွင် သံရုံးယာယီတာဝန်ခံက မြန်မာနိုင်ငံဆိုင်ရာ သမိုင်း နောက်ခံအချက်အလက်များ၊ သယံဇာတကြွယ်ဝမှုနှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး၏ သက်ရောက်မှုအခြေအနေများ၊ လက်ရှိဖြစ်ပေါ်တိုးတက်နေမှုအခြေအနေများ၊ မီဒီယာများ၊ လူမှု ကွန်ယက်များနှင့် အချို့သောအဖွဲ့အစည်းများမှ သတင်းမှားများ (Misinformation) ထုတ်လွှင့်မှု နှင့် အဖြစ်မှန်များအား ဖုံးကွယ်ထားမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ အနာဂတ်လမ်းစဉ်တို့ကို ဆွေးနွေးခဲ့သည်။ ဒုတိယပိုင်းဆွေးနွေးမှုတွင် တက်ရောက်လာသူများက သိလိုသည်များ မေးမြန်း ခြင်း၊ အကြံပြုဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ လန်ဒန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံရုံးအကြီး အကဲများနှင့် ကိုယ်စားလှယ်များ၊ ဗြိတိန်လူမှုအသိုင်းအဝိုင်းနှင့်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
Open Dialogue on Myanmar: Past, Present and Future ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ(၅-၆-၂၀၂၆၊ လန်ဒန်)

