Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance – NEDA အဖွဲ့မှ မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်သင့်ခံခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီရန် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လာရောက်လှူဒါန်းခဲ့ခြင်း(၂၉-၄-၂၀၂၅ ရက်)

(၂၉-၄-၂၀၂၅ ရက်၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဇော်ဇော်စိုးထံသို့ Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance – NEDA ၂၉-၄-၂၀၂၅ ရက်၊ နံနက် ၀၉၃၀ နာရီတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ ငလျင်ဘေးဒဏ်သင့် ခံခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးရန် ထိုင်းဘတ် ၁,၀၀၀,၀၀၀ ပမာဏဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ခဲ့ပါသည်။ အဆိုပါထည့်ဝင်လှူဒါန်းမှုသည် လတ်တလောဖြစ်ပွားနေသော အရေးပေါ်လိုအပ်ချက်များကို ကူညီပေးမည်ဖြစ်ပြီး အခက်အခဲများကို ရင်ဆိုင်နေရသူများအတွက် အဆင်ပြေစေရန် ဖြစ်ကြောင်း သိရှိရပါသည်။