(၂၈-၁၀-၂၀၂၅ ရက်၊ နိုဗိုစီဗစ်)
မြန်မာကောင်စစ်ဝန်ချုပ်၊ ဦးပြည့်ဖြိုးဝေသည် ၂၈-၁၀-၂၀၂၅ ရက်နေ့တွင် နိုဗိုစီဗစ်မြို့၊ နိုဗိုစီဗစ်ဒေသအနုပညာပြတိုက်၌ ကျင်းပပြုလုပ်သော “Myanmar: The Golden Land” ယဉ်ကျေးမှုပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါယဉ်ကျေးမှုပြပွဲအား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နိုဗိုစီဗစ်မြို့နှင့် နိုဗိုစီဗစ်ဒေသဆိုင်ရာအစိုးရ၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် နိုဗိုစီဗစ်ဒေသအနုပညာပြတိုက်တို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ UNESCO စာရင်းဝင်နေရာများ၏ဓာတ်ပုံများ၊ မြန်မာ့ လက်မှုပစ္စည်းများနှင့်တူရိယာပစ္စည်းများ၊ ဝတ်စားဆင်ယင်မှုများအား ခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနား၌ Mrs.Ekaterina Valentivnovna Boldyreva (Director of the Novosibirsk State Art Museum)၊ ၊ Mr. Maxim KUDRYAVTSEV (Mayor of Novosibirsk City)၊ Mrs.Yulia Konstantinovna Shuklina (Minister of Culture of Novosibirsk Region) နှင့် ဦးပြည့်ဖြိုးဝေ (ကောင်စစ်ဝန်ချုပ်) တို့မှ အသီးသီး ကြိုဆိုနှုတ်ခွန်းဆက်မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နိုဗိုစီဗစ်အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နိုဗိုစီဗစ်မြို့တော်ဝန်ရုံးမှတာဝန်ရှိသူများ၊ နိုဗိုစီဗစ် ဒေသရှိယဉ်ကျေးမှုဆိုင်ရာအဖွဲ့ အစည်းများနှင့် ပြတိုက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အခမ်အနားသို့တက်ရောက်သူဦးရေ (၂၀၀)ကျော်ရှိကြောင်း သိရှိရပါသည်။

