Myanmar has agreed to the appointment of Mr. Jorge Rondón Uzcátegui as Ambassador Extraordinary and Plenipotentiary of the Bolivarian Republic of Venezuela to the Republic of the Union of Myanmar

The Government of the Republic of the Union of Myanmar has agreed to the appointment of Mr. Jorge Rondón Uzcátegui as Ambassador Extraordinary and Plenipotentiary of the Bolivarian Republic of Venezuela to the Republic of the Union of Myanmar, with residence in Hanoi.

Mr. Jorge Rondón Uzcátegui received Bachelor degree in International Relations in 1971 and Master degree in Economy in 1979 from the Central University of Venezuela. In 1973, he joined the Ministry of Foreign Affairs of the Bolivarian Republic of Venezuela and served under various capacities at the Ministry and at the Venezuela’s embassies in Iraq, Holland, Italy, Kenya, Belgium, Nigeria, Jordan and Viet Nam. Currently, he is serving as the Ambassador Extraordinary and Plenipotentiary of the Bolivarian Republic of Venezuela to the Socialist Republic of Viet Nam.

Ministry of Foreign Affairs

Nay Pyi Taw

Dated, 9 March 2018

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဟနွိုင်းမြို့အခြေစိုက် ဗင်နီဇွဲလားဘိုလီဗာရီယန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် Mr. Jorge Rondón Uzcátegui အား ခန့်အပ်ရန် သဘောတူ

Mr. Jorge Rondón Uzcátegui အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ဟနွိုင်းမြို့အခြေစိုက် ဗင်နီဇွဲလားဘိုလီဗာရီယန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက သဘောတူညီပြီးဖြစ်သည်။

Mr. Jorge Rondón Uzcáteguiသည် Central University of Venezuela မှ ၁၉၇၁ ခုနှစ်တွင် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် စီးပွားရေးဘာသာရပ်ဖြင့် မဟာဘွဲ့ကို ရရှိခဲ့သည်။ ၄င်းသည် ၁၉၇၃ ခုနှစ်တွင် ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ဌာနအသီးသီးနှင့် အီရတ်၊ ဟော်လန်၊ အီတလီ၊ ကင်ညာ၊ ဘယ်ဂျီယံ၊ နိုင်ဂျီးရီးယား၊ ဂျော်ဒန်နှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ဗင်နီဇွဲလားသံရုံးတို့တွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ ဗင်နီဇွဲလားဘိုလီဗာရီယန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေ ပြည် တော်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက်