Myanmar Ambassador’s working visit to Chennai

On February 27, 2018, Ambassador of Myanmar to India, H.E. Mr. Moe Kyaw Aung made a onde-day working visit to Chennai. During his trip, Ambassador of Myanmar visited to the office of Prof. Ranganathan J, Honorary Consul of the Republic of the Union of Myanmar located at Hall Mark Tower, TTK Road, Alwarpet , Chennai. Ambassador hold discussion with the Honorary Consul of Myanmar on matters of mutual interest.

Ambassador’s program includes taking part in convocation of SOKA IKEDA COLLEGE OF ARTS AND SCIENCE FOR WOMEN as a special guest. The Ambassador graced the occasion and conferred degrees to the graduating students.

Embassy of Myanmar

New Delhi

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ချန်နိုင်းမြို့သို့ အလုပ်သဘော ခရီးသွားရောက်ခဲ့ခြင်း

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် (၂၇-၂-၂၀၁၈) ရက်နေ့က အိန္ဒိယနိုင်ငံ၊ တမီးနာဒူးလ်ပြည်နယ် ချန်နိုင်းမြို့သို့ သွားရောက်ခဲ့ပြီး Alwarpet ရပ်ကွက် ၊ TTK Road ရှိ Hall Mark Towers တွင် ဖွင့်လှစ်ထားရှိသည့် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်၏ ရုံးခန်းသို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ချန်နိုင်းမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Professor Ranganathan J နှင့်တွေ့ဆုံ၍ ချန်နိုင်းမြို့သို့ မြန်မာနိုင်ငံသားများ လာရောက်မှု အခြေအနေနှင့် ကုန်သွယ်ရေးအခြေအနေ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ချန်နိုင်းမြို့သို့ ရောက်ရှိစဉ်အတွင်း SOKA MEDA COLLEGE OF ARTS AND SCIENCE FOR WOMEN ၏ (၂၇-၂-၂၀၁၈) ရက်နေ့တွင် ကျင်းပသည့် ဘွဲ့နှင်းသဘင်သို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး မိန့်ခွန်း ပြောကြားခဲ့ကာ ဘွဲ့ရမောင်မယ်များအား ဘွဲ့များအပ်နှင်းခဲ့ပါသည်။

မြန်မာသံရုံး၊ နယူးဒေလီမြို့