Manipur Sangai Festival 2022 သို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်(၂-၁၂-၂၀၂၂ရက်)

(၁၂၂၀၂၂ ရက်၊ နယူးဒေလီ)

မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် ထိုင်းသံအမတ်ကြီးများနှင့်အတူ အိန္ဒိယ နိုင်ငံ၊ အရှေ့မြောက်ဒေသ၊ မဏိပူရ်ပြည်နယ်ပွဲတော် Manipur Sangai Festival 2022 တက်ရောက်ရန် ၂၈၁၁၂၀၂၂ ရက်မှ ၃၀၁၁၂၀၂၂ ရက်အတွင်း အင်ဖာမြို့သို့ သွားရောက်ခဲ့ ပါသည်။

ခရီးစဉ်အတွင်း သံအမတ်ကြီးသည် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် H.E. Mr. N. Biren Singh နှင့် ပြည်နယ်အာဏာပိုင်များနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ နယ်စပ်ရေးရာ၊ စီးပွားရေး၊ လူမှုရေး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေနှင့် အလားအလာများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။ ထို့နောက် သံအမတ်ကြီးသည်ပြည်နယ်ရှိ ယဉ်ကျေးမှုနှင့် ဘာသာရေး အထိမ်းအမှတ် နေရာများသို့ သွားရောက်လေ့လာခဲ့ပြီး၊ Manipur Sangai Festival 2022 အခမ်းအနား ပိတ်ပွဲနှင့် ပိုလိုအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲတို့သို့လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။