MAI ၏ ပထမအကြိမ် Commercial flight ပျံသန်းပြေးဆွဲ

(၁၉-၄-၂၀၂၂ ရက်၊ ဆိုးလ်)

၁။ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/ သွားရောက်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၁၂-၄-၂၀၂၂ ရက် (အင်္ဂါနေ့) တွင် (၁၀၄) ကြိမ်မြောက်အထိ ပျံသန်းပြေးဆွဲခဲ့ပြီး ဖြစ်ပါသည်။

၂။ ယခုအခါ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) သည် Commercial flight အဖြစ် ၁၉-၄-၂၀၂၂ ရက် (အင်္ဂါနေ့) တွင် ပထမအကြိမ် ပြန်လည်ပြေးဆွဲခဲ့ပါသည်။ အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၁၆:၄၀) နာရီတွင် ထွက်ခွာခဲ့ပြီး၊ ခရီးသည် စုစုပေါင်း (၉၂) ဦး တို့ စီးနင်းလိုက်ပါခဲ့ပါသည်။ လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။