(၂၄-၉-၂၀၂၅ ရက်၊ လော့စ်အိန်ဂျယ်လိစ်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် Los Angeles County Sheriff’s Department ၌ ပြုလုပ်သည့် Los Angeles Consular Corps Spouses Association (LACCSA) ၏ နေ့လယ်စာစားပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါနေ့လယ်စာစားပွဲတွင် LACCSA ဥက္ကဋ္ဌဖြစ်သူနှင့် ဆီနီဂေါနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Ms. Mame Toucouleur Mbaye က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး Los Angeles County Sheriff’s Department မှ တာဝန်ရှိသူက ဌာန၏ တာဝန်ယူဆောင်ရွက်ရသည့် အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ရိုးရာအစားအစာဖြစ်သည့် အုန်းထမင်းနှင့် ကြက်သားဟင်းတို့ဖြင့် ပါဝင်တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

