KIA PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အရပ်ဖက်လေယာဉ်နှင့် အပြစ်မဲ့ ခရီးသွားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း

KIA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာရန် ခရီးသည်များ တင်ဆောင်ထားသည့် MNA လေယာဉ်အား မြစ်ကြီးနား လေဆိပ်၌ ၂၀-၂-၂၀၂၆ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် FPV Suicide Drone အသုံးပြု တိုက်ခိုက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ခရီးသွားများအား ဘေးကင်းရာသို့ အမြန်ရွှေ့ပြောင်း ကယ်ဆယ်ပေးခဲ့ရသည်။

ယင်းသို့ အပြစ်မဲ့ခရီးသွားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အကြီးအကျယ်တုန်လှုပ်ခြောက်ခြား စိတ်ဒဏ်ရာရခြင်း ဖြစ်ပေါ်ခဲ့သည်။ လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန်၍ အနည်းငယ်ပျက်စီးခဲ့သည်။

စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဘက်လေကြောင်းလိုင်းနှင့် အပြစ်မဲ့ခရီးသွားပြည်သူများအား ရည်ရွယ်ချက်ရှိစွာဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇာဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ပြီး၊ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူများက စက်ဆုတ်ရွှံရှာစွာ ရှုတ်ချလျက်ရှိသည်။ အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံတော်လုံခြုံရေးအတွက် ထိရောက်သည့် တုံပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

(source-MOI)