International Travel Expo Hong Kong (ITE Hong Kong 2022) တွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ပါဝင်ပြသ (၁၈-၈-၂၀၂၂ ရက်)

(၁၈-၈-၂၀၂၂ ရက်၊ ဟောင်ကောင်)

ဟောင်ကောင်ဒေသ Hong Kong Convention & Exhibition Centre တွင် ၁၈-၈-၂၀၂၂ ရက်မှ ၂၁-၈-၂၀၂၂ ရက်အထိ 36th International Travel Expo Hong Kong နှင့် 17th MICE Travel Expo ကို ကျင်းပလျက်ရှိရာ၊ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးကြပ်၍ မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းတစ်ခန်း ပါဝင်ပြသလျက်ရှိပါသည်။

အဆိုပါပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟောင်ကောင်ဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင် တက်ရောက်ခဲ့ပြီး၊ ပြပွဲ၌ မြန်မာနိုင်ငံအပါအဝင် ဟောင်ကောင်ဒေသအခြေစိုက် ပြခန်းပြသသူများ၊ ဩစတြေးလျ၊ ဘူတန်၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံမှ ဒေသ/ ပြည်နယ် (၁၀) ခု၊ မကာအို၊ မလေးရှား၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ တောင်ကိုရီးယား၊ စိန့်ပီတာစဘတ်၊ အိုက်စလန်၊ တရုတ်-တိုင်ပေ၊ ထိုင်း စသည်ဖြင့် နိုင်ငံ/ ဒေသ (၂၇) ခုကျော်မှလည်း ပြခန်းများ ပါဝင်ပြသလျက်ရှိကြောင်း သိရှိရပါသည်။