(၁၅-၉-၂၀၂၅ ရက်၊ ဗီယင်နာ)
သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ၁၅-၉-၂၀၂၅ ရက်တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ (၆၉)ကြိမ်မြောက်အထွေထွေညီလာခံသို့ ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ၈-၉-၂၀၂၅ ရက်မှ ၁၁-၉-၂၀၂၅ ရက်အထိ ကျင်းပခဲ့သည့် IAEA Board of Governors (BoG) အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ပြီး၊ နျူကလီးယားစွမ်းအင်၊ နည်းပညာနှင့် အသုံးချနည်းများကို ငြိမ်းချမ်းစွာအသုံးပြုရေး၊ နျူကလီးယား လက်နက်မပြန့်ပွားရေးနှင့် အလုံးစုံဖျက်သိမ်းရေးဆိုင်ရာ မြန်မာနိုင်ငံ၏ မပြောင်းလဲသည့်မူဝါဒ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုခဲ့ပါသည်။

