Hong Kong Food Expo Pro ပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသ (၁၉-၈-၂၀၂၅ ရက်)

၁၉-၈-၂၀၂၅

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်မှ ၁၆ ရက်အထိ ဟောင်ကောင်၊ Hong Kong Convention and Exhibition Centre တွင် ကျင်းပသည် Hong Kong Food Expo Pro ပြပွဲတွင် ပါဝင်ပြသခဲ့ပါသည်။ မြန်မာ့ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ထိုးဖောက်နိုင်ရေးနှင့် အရောင်းမြှင့်တင်နိုင်ရေးအတွက် မြန်မာလုပ်ငန်းရှင်များအား ပြခန်းတွင် လာရောက်ပြသနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ဖိတ်ကြားချက်အရ အဆိုပါပြခန်းတွင် ချိုချိုစားသောက်ကုန်လုပ်ငန်းမှ လာရောက်ပြသခဲ့ပါသည်။ ၂၀၀၄ ခုနှစ်မှ စတင်ကျင်းပခဲ့သော အဆိုပါအစားအသောက်ပြပွဲသည် အစားအသောက်နှင့် အဖျော်ယမကာ ထုတ်ကုန်များ၏ ရောင်းအားကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဤပြပွဲတွင် နိုင်ငံအသီးသီးမှ အစားအသောက်နှင့်အဖျော်ယမကာ ထုတ်ကုန်များကို ခင်းကျင်းပြသ ရောင်းချခဲ့ပါသည်။