Global Forum on the Ethics of AI သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်(၁၃-၁၂-၂၀၂၂ ရက်)

(၁၃-၁၂-၂၀၂၂ ရက်နေ့၊ ပရာ့ဂ်)

ချက်သမ္မတနိုင်ငံက ဥရောပကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေစဉ်ကာလ အတွင်း UNESCO နှင့်ပူးပေါင်း၍ ဉာဏ်ရည်တုနည်းပညာ၏ ကျင့်ဝတ်နှင့်ပတ်သက်သော ကမ္ဘာလုံး ဆိုင်ရာဖိုရမ် Global Forum on the Ethics of Artificial Intelligence ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ချက်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးစိုက်ရာ Czernin Palace တွင်ကျင်းပခဲ့ရာ ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ဖိုရမ်ဖွင့်ပွဲ အခမ်းအနားသို့ ချက်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ Digitalization နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီးဖြစ်သူ Ivan Bartos၊ ချက်နိုင်ငံခြားရေးဝန်ကြီး Jan Lipavsky၊ UNESCO ၏ Director-General၊ ဥရောပနှင့် အမေရိကတိုက်နိုင်ငံများမှ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အရာရှိကြီးများနှင့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ ပရာ့ဂ်မြို့ အခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။