Global Food Security Summit သို့ ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်း ပါဝင်တက်ရောက်ခဲ့ခြင်း

(၉-၁၀-၂၀၂၆၊ အဘူဒါဘီ)

ယူအေအီးနိုင်ငံ၊ အဘူဒါဘီ စိုက်ပျိုးရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အာဏာပိုင်အဖွဲ့နှင့် အဘူဒါဘီအမျိုးသားပြပွဲစင်တာတို့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် (အင်္ဂါနေ့)၊ ၀၉၃၀ နာရီအချိန်တွင် အဘူဒါဘီ အမျိုးသားပြပွဲစင်တာ ICC Hall 4 ၌ ကျင်းပသည့် Global Food Security Summit ဖွင့်ပွဲအခမ်းအနားသို့ ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်း ပါဝင်တက်ရောက်ခဲ့ပါသည်။


​အဆိုပါအခမ်းအနားသို့ ယူအေအီးပြည်ပကုန်သွယ်ရေးဝန်ကြီး H.E. Dr. Thani bin Ahmed Al Zeyoudi နှင့် ယူအေအီးအစိုးရဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ ယူအေအီးအခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။


​အခမ်းအနားတွင် ယူအေအီးပြည်ပကုန်သွယ်ရေးဝန်ကြီး H.E. Dr. Thani bin Ahmed Al Zeyoudi က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အဘူဒါဘီ စိုက်ပျိုးရေးနှင့် အစားအသောက် ဘေးကင်းလုံံခြုံရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ် Dr. Tareq Al Ameri က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့အစည်း (FAO) ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr AbdulHakim Elwaer နှင့် ယူအေအီး အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သူ Mr. Saleh Abdullah Lootah တို့က အသီးသီး အမှာစကား ပြောကြားခဲ့ပါသည်။