(၂၃-၈-၂၀၂၅ ရက်၊ ဟနွိုင်း)
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နှစ် (၈၀) ပြည့် အမျိုးသားနေ့အဖြစ်လည်းကောင်း၊ အာဆီယံအဖွဲ့သို့ ဝင်ရောက်သည့် နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ အာဆီယံ အဖွဲ့ တည်ထောင်သည့် (၅၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ်လည်းကောင်း ဟနွိုင်းမြို့ ချစ်ကြည်ရေးအသင်းများသမဂ္ဂ (Hanoi Union of Friendship Organization – HAUFO) မှ ကြီးမှူး၍ Friendship exchange program “Colors of ASEAN” အခမ်းအနားအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်၊ (စနေနေ့)၊ ညနေ ၁၈၀၀ နာရီအချိန်တွင် ဟနွိုင်းမြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းနှင့် ဇနီး၊ သံရုံး ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ HAUFO ဥက္ကဋ္ဌ Mr. Nguyen Ngoc Ky နှင့် အာဆီယံသံရုံးများ ကိုယ်စား ဗီယက်နမ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Dato’ Tan Yang Thai တို့က အမှာစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ဗီယက်နမ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် သံတမန်ဝန်ထမ်းများ၊ အာဆီယံမိတ်ဖက်နိုင်ငံများမှ သံအမတ်ကြီးများနှင့် HAUFO မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်သံရုံးတို့မှ ရိုးရာအက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ရိုးရာဝတ်စားဆင်ယင်မှုပြပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာသံရုံး၊ ဟနွိုင်းမြို့၊ သံရုံးဝန်ထမ်းများမှ ပါဝင်ပြသခဲ့ကြကြောင်း သိရှိရပါသည်။

