Fact on a Swiss national held a press conference on 10th March 2018 as his entry-visa to Myanmar got rejected from Myanmar Embassy in Bangkok

  • According to The Standard Time Daily Newspaper, it is learnt that Mr. Lamont Unni Christen, a Swiss national held a press conference and complained that his visa got rejected by Myanmar Embassy in Bangkok.
  • In fact Myanmar Embassy in Bangkok didn’t reject his visa application and he was just requested to wait for visa scrutinizing time.

မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ဗီဇာခွင့်မပြုသည့်အပေါ် ၁၀-၃-၂၀၁၈ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆွစ်ဇာလန်နိုင်ငံသားတစ်ဦး၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဖြစ်ရပ်မှန်အား ဖော်ပြခြင်း

  • ဆွစ်ဇာလန်နိုင်ငံသားဖြစ်သူ Mr. Lamont Unni Christen သည် ၂၈-၂-၂၀၁၈ ရက်နေ့တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ တစ်နှစ်သက်တမ်းရှိ အကြိမ်ကြိမ်ပြည်ဝင်ခွင့် လုပ်ငန်းဗီဇာ လျှောက်ထားခဲ့ရာတွင် မြန်မာသံရုံးမှ ဗီဇာထုတ်ပေးခဲ့ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း စံတော်ချိန်သတင်းစာတွင် ဖော်ပြချက်အရ သိရှိရပါသည်။
  • မြန်မာသံရုံး၊ ဗန်ကောက်မြို့အနေဖြင့် ဗီဇာထုတ်ပေးရန် ငြင်းပယ်ခဲ့ခြင်းမဟုတ်ကြောင်း၊ Mr. Lamont Unni Christen နှင့်ပတ်သက်၍ ရရှိထားသည့် သတင်းများ မှန်ကန်မှု ရှိ-မရှိ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အတည်ပြုမေးမြန်းထားဆဲ ဖြစ်၍ ဗီဇာထုတ်ပေးရန် ခေတ္တ ဆိုင်းငံ့ခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။