အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲအား မြန်မာသံအမတ်ကြီး တွေ့ဆုံ (၂၄-၈-၂၀၂၅ ရက်)

(၂၄-၈-၂၀၂၅၊ ကိုင်ရို) အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၂၄-၈-၂၀၂၅ ရက်နေ့ ဒေသစံတော်ချိန် ၁၀၀၀ နာရီတွင် အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေး ဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနနှင့် စိုက်ပျိုးသီးနှံဖျက်ပိုးတားဆီးကာကွယ်ရေးဌာန အကြီးအကဲအား အီဂျစ်စိုက်ပျိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဌာန၌ သွားရောက်…