COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ အလှူငွေများ လှူဒါန်းခဲ့ခြင်း

(၂၁-၅-၂၀၂၀ ရက်၊ နယူးဒေလီမြို့)

မြန်မာနိုင်ငံတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကာကွယ် တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် မိသားစု၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက အမေရိကန်ဒေါ်လာ ၇၅၀/- (အမေရိကန်ဒေါ်လာ ခုနှစ်ရာ့ ငါးဆယ် တိတိ) အား လှူဒါန်းခဲ့ကြပါသည်။

အဆိုပါ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၇၅၀/- အား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံရှိ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။