နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးနှင့် အငယ်တန်းလက်နှိပ်စက်ရိုက်ရာထူးနေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနအလုပ်လျှောက်လွှာခေါ်ယူခြင်းကြော်ငြာစာအမှတ် ( ၁/ ၂၀၂၁ ) ၁။      နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးနှင့် အငယ်တန်းလက်နှိပ်စက်ရိုက် (လစာနှုန်းကျပ်၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀) ရာထူး (၄၀) နေရာ (အမျိုးသား-၂၀နေရာ၊ အမျိုးသမီး-၂၀နေရာ) အတွက် လျှောက်လွှာတင်သွင်းနိုင်ပါ သည်။ ၂။     …

ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပဉ္စမအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်

(၅-၅-၂၀၂၁ ရက်၊ ဖနောင်ပင်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ ဖနောင်ပင်မြို့နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Myanmar Airways International) တို့ပူးပေါင်းပြီး ကမ္ဘောဒီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ကပ်ရောဂါကာလတွင်း အခြေအနေများကြောင့် ဆက်လက်နေထိုင်ရန် အခက်အခဲရှိသည့် မြန်မာနိုင်ငံသားများအား ပဉ္စမအကြိမ်မြောက်…

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား (၅၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေး

(၄-၅-၂၀၂၁ ရက်၊ ဆိုးလ်) COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၄-၅-၂၀၂၁ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့်…

COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်

(၃၀-၄-၂၀၂၁ ရက်၊ နေပြည်တော်)

ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား (၁၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်

(၂၇-၄-၂၀၂၁ ရက်၊ မနီလာ) အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုထိန်းချုပ် ကာကွယ်ရေး စီမံချက်များကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိဘဲ ဖိလစ်ပိုင်နိုင်ငံတွင်  ဆက်လက်နေထိုင်ရန် အခက်အခဲများကြုံတွေ့နေရသည့် ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသား (၁၄၁) ဦးနှင့်…

ထိုင်ဝမ်(တရုတ်-တိုင်ပေ) မှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် (၁၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း

(၂၅-၄-၂၀၂၁ ရက်၊ တိုင်ပေ) ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး စာချုပ်သက်တမ်း ကျော်လွန်နေသည့်  မြန်မာသင်္ဘောသားများ၊ အလုပ်အကိုင် ဆက်လက်လုပ်ကိုင်ခွင့် မရရှိသူများ၊ ငါးဖမ်းလုပ်သားများ၊ ပညာသင်ကာလပြီးဆုံးသော ကျောင်းသားများနှင့် မိသားစုများထံ အလည်အပတ် လာရောက်သူများသည်…