“နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၃-၂၀၂၄)” အား ပယ်ဖျက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား အသိပေးကြေညာခြင်း

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်မှု လွှမ်းခြုံမှုမြင့်မားစေရန် ဆောင်ရွက်နိုင်မှုများနှင့် ပြည်သူလူထုအနေဖြင့် ပုံမှန်နေထိုင်မှုပုံစံသစ် (New Normal Setting) အား လိုက်နာကျင့်သုံးလာမှုများကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုများ သိသာစွာကျဆင်းလာပြီး ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်…

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာသံရုံးမှ သံရုံးစာရေး ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခွင့်မဲ့ပျက်ကွက် (၂၂-၆-၂၀၂၄ ရက်)

(၂၂-၆-၂၀၂၄ ရက်၊ နေပြည်တော်) ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာနိုင်ငံသံရုံး၌ သံရုံးစာရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါ်ဌေးဌေးဝင်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှစ၍ ပါရီမြို့၊ မြန်မာသံရုံးမှ ခွင့်မဲ့ပျက်ကွက်လျက်ရှိသည်။ ဒေါ်ဌေးဌေးဝင်းသည် ပြည်ပတာဝန်ထမ်းဆောင်မှုကာလ ပြည့်မြောက်သည့်အတွက်…

အသိပေးကြေညာချက်

(၂၀-၂-၂၀၂၄ ရက်၊ နေပြည်တော်)  နိုင်ငံခြားရေးဝန်ကြီးဌာန၌ အငယ်တန်းစာရေး ရာထူးနေရာ (၂၀) နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာအမှတ် (၁/၂၀၂၃) အရ အရည်အချင်းစစ်စာမေးပွဲများမှ ဖြေဆိုအောင်မြင်သည့် ပုဂ္ဂိုလ်များစာရင်းအား ထုတ်ပြန်ကြေညာအပ်ပါသည်။

သံအမတ်ကြီး ဦးအောင်ကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတထံ ခန့်အပ်လွှာပေးအပ်(၅-၂-၂၀၂၄ ရက်)

(၅-၂-၂၀၂၄ ရက်၊ နေပြည်တော်)   လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးအောင်ကို သည် ၄င်း၏ခန့်အပ်လွှာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ အမျိုးသားလွှတ်တော်၌…

အသိပေးကြေညာချက်

၁။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာအမှတ်(၁/၂၀၂၃) ဖြင့် ခေါ်ယူခဲ့သည့် အငယ်တန်းစာရေးရာထူးနေရာ(၂၀)နေရာအတွက် ဖြေဆိုခွင့်ရရှိသည့် အမည်စာရင်းများအား ခုံအမှတ်များနှင့်အတူ ဖော်ပြအပ်ပါသည်။ ၂။ အရည်အချင်းစစ်ဆေးခြင်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်၌ အောက်ဖော်ပြပါနေ့ရက်များတွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်- (က)…

နိုင်ငံခြားရေးဝန်ကြီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း (၃-၁၁-၂၀၂၃ ရက်)

(၃-၁၁-၂၀၂၃ ရက်၊ နေပြည်တော်) နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး (လစာနှုန်း ကျပ် ၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀) ရာထူး (၂၀) နေရာအတွက် လျှောက်ထားနိုင်ပါသည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာပုံစံနှင့်အတူ လိုအပ်သည့်စာရွက်စာတမ်းများပူးတွဲ၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်သို့…

အသိပေးကြော်ငြာခြင်း

        မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်တွင် အများပြည်သူများကြည့်ရှုနိုင်ရန် ဘုရင့်အသုံးအဆောင်ပစ္စည်းများကို  ပြန်လည်ခင်းကျင်းပြသနိုင်ရေး အတွက်  ဘုန်းတော်ကြီးကျောင်းများနှင့် ပုဂ္ဂလိကများမှ ဘုရင့်အသုံးအဆောင်ပစ္စည်းများအား သက်ဆိုင်ရာအထောက်အထားနှင့်တကွ လာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့် လှူဒါန်းပစ္စည်းများအနက် ရှားပါးတန်ဖိုးကြီးမားသောပစ္စည်းဟု သတ်မှတ်နိုင်မည့် ရွေးချယ်စိစစ်ပြီးပစ္စည်းများအတွက် ဂုဏ်ပြု မှတ်တမ်းနှင့်တကွ ချီးမြှင့်ငွေပေးအပ်မည်ဖြစ်ပါကြောင်း…

အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ အသိပေးကြေညာချက်

၁။ အစ္စရေးနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် ယင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အရေးတကြီးလိုအပ်ချက်မရှိပါက မိမိတို့နေအိမ်များတွင်သာနေထိုင်ရန်၊ တိုက်ပွဲအခြေအနေနှင့်ကြုံတွေ့လာပါက လုံခြုံသည့်နေရာတွင်နေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီလိုအပ်လာပါက အောက်ဖော်ပြပါ ဆက်သွယ်ရန်လိပ်စာများသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်- (က) မြန်မာသံရုံးဖုန်း- (၉၇၂) (၃)…

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း (Certificate Course in Basic Diplomatic Skills-BDS) သင်တန်းအမှတ်စဉ် (၄၄/၂၀၂၃) အတွက် သင်တန်းသားများခေါ်ယူခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) တို့တွင် အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ရာ စိတ်ပါဝင်စား၍ လေ့လာလိုသူများအနေဖြင့် (၂၂-၉-၂၀၂၃) ရက်နေ့အထိ စာရင်းပေးသွင်းတက်ရောက်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။