California Chamber of Commerce ၏ (၉၇) ကြိမ် မြောက် နှစ်ပတ်လည်အခမ်းအနားများသို့ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးနှင့် UMFCCI တို့မှ ပါဝင်တက်ရောက်

(၁၉-၅-၂၀၂၃ ရက်၊ လော့စ်အိန်ဂျယ်လိစ်)

ကယ်လီဖိုးနီးယားပြည်နယ်၊ Sacramento မြို့ရှိ California Chamber of Commerce ၏ (၉၇) ကြိမ် မြောက် နှစ်ပတ်လည်အခမ်းအနားများအဖြစ် အပြည်ပြည်ဆိုင်ရာဖိုရမ် (International Forum) ကို ၁၇-၅-၂၀၂၃ ရက်နေ့ နေ့လယ် ၂:၃၀ နာရီမှ ၄:၀၀ နာရီအထိလည်းကောင်း၊ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် နိုင်ငံခြားစီးပွားရေး မိတ်ဖက်များအတွက် ဧည့်ခံပွဲ (Consular Corps Reception for Consular Corps and Foreign Economic Partners) ကို ၁၇-၅-၂၀၂၃ ရက်နေ့ ညနေ ၄:၃၀ နာရီမှ ၅:၃၀ နာရီအထိ လည်းကောင်း၊ Sacramento Host Committee ၏ Host Reception ကို ၁၇-၅-၂၀၂၃ ရက်နေ့ ညနေ ၅:၃၀ နာရီမှ ၇:၀၀ နာရီအထိ လည်းကောင်း၊   နံနက်စာဖြင့် တည်ခင်းဧည့်ခံပွဲ (Host Breakfast) ကို ၁၈-၅-၂၀၂၃ ရက်နေ့ နံနက် ၇:၃၀ နာရီမှ ၉:၀၀ နာရီအထိ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါနှစ်ပတ်လည် အခမ်းအနားများသို့ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး The Honorable Gavin Newsom ၊ ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှ ဦးဆောင် သူများ၊ အစိုးရ၊ စစ်ဘက်နှင့် ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ကောင်စစ်ဝန်ချုပ်များ တက်ရောက်ခဲ့ကြ ပါသည်။

အဆိုပါဧည့်ခံပွဲများသို့ California Chamber of Commerce ၏ ဖိတ်ကြားချက်အရ လော့စ်အိန်ဂျယ်လိစ် မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါက်တာဇော်လင်းမောင်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Union of Myanmar Federation of Chamber of Commerce and Industry-UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးသန့်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်ဒေဝတို့ ပါဝင်တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။