Berlin ASEAN Committee (BAC) က ကျင်းပပြုလုပ်သည့် အာဆီယံနေ့ အလံတင်အခမ်းအနားနှင့် BAC ၏ အလှည့်ကျဥက္ကဌ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်ခဲ့ခြင်း (၁၀-၈-၂၀၂၆၊ ဘာလင်)

​(၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ Berlin ASEAN Committee (BAC) ၏ အလှည့်ကျဥက္ကဌ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားကို ၁၀-၈-၂၀၂၆ ရက်၊ နံနက် ၁၀၀၀ နာရီမှ ၁၂၀၀ နာရီအထိ ဘာလင်မြို့အခြေစိုက် အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးအောင်ကျော်မိုး တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ အာဆီယံအလံအား အလံတင်အခမ်းအနားဖြင့် လွှင့်ထူခဲ့ပါသည်။ ထို့နောက် အလှည့်ကျတာဝန်ပြီးဆုံးသည့် အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mr. Abdul Kadir Jailani နှင့် အလှည့်ကျတာဝန်ယူမည့် မလေးရှားသံအမတ်ကြီး H.E. Mr. Hohamad Razdan Jamil တို့က ကြိုဆို၊ အဖွင့်မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြပါသည်။ ယင်းနောက် BAC ၏ အလှည့်ကျဥက္ကဌတာဝန်အား အင်ဒိုနီးရှားသံရုံးမှ မလေးရှားသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ဂျာမနီနိုင်ငံဆိုင်ရာ အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများ၊ ဒုတိယအကြီးအကဲများနှင့် BAC ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း ဖော်ပြအပ်ပါသည်။