မကာအိုအထူးအုပ်ချုပ်ရေးဒေသတို့မှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား စတုတ္ထအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့
(၈-၃-၂၀၂၁ ရက်၊ ဟောင်ကောင်) ၁။ မကာအိုအထူးအုပ်ချုပ်ရေးဒေသသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ COVID-19 ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေစဉ် ကာလအတွင်း ဆက်လက်အလုပ်လုပ်ကိုင်ခွင့်မရရှိသဖြင့် စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့ နေရသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အလုပ်အကိုင်သက်တမ်း…

