အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်(၃-၉-၂၀၂၃ ရက်)
(၃-၉-၂၀၂၃ ရက်၊ ဂျကာတာ) အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၃-၉-၂၀၂၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ကျင်းပခဲ့သော အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာအဆင့်မြင့် အရာရှိကြီးကိုယ်စား ပါဝင်တက်ရောက်ခဲ့ပါသည်။…

