ASEAN Women Circle of Los Angeles’s Meeting သို့ မြန်မာကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက်

(၁၁-၂-၂၀၂၆ ရက်၊ လော့စ်အိန်ဂျယ်လိစ်)

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် လော့စ်အိန်ဂျယ်လိစ်မြို့၊ ထိုင်းကောင်စစ်ဝန်ချုပ်၏ နေအိမ်၌ ကျင်းပပြုလုပ်သည့် ASEAN Women Circle of Los Angeles (AWCLA)’s Meeting (1/2026) သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် AWCLA ၏ ၂၀၂၆-၂၀၂၇ ခုနှစ် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ထိုင်းကောင်စစ်ဝန်ချုပ်၏ ဇနီး Madam Sirigamon Saralamba က ၂၀၂၆ ခုနှစ်အတွင်း AWCLA မှ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို အဆိုပြုပြောကြားခဲ့ပြီး AWCLA အဖွဲ့ဝင်များက အစီအစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် တက်ရောက်လာသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ထိုင်းရိုးရာအချိုပွဲ “Luk Chup” ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။