ASEAN Women Circle of Los Angeles (AWCLA) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်ရုံးက မြန်မာကောင်စစ်ဝန်ချုပ်အား ကြိုဆိုပွဲပြုလုပ်ပေးခဲ့ခြင်း (၇-၈-၂၀၂၅ ရက်)

(၇-၈-၂၀၂၅ ရက်၊ လော့စ်အိန်ဂျယ်လိစ်မြို့)

ASEAN Women Circle of Los Angeles ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်ရုံးက မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူအား ကြိုဆိုပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ Glendale မြို့ရှိ Max’s Restaurant ၌ ကြီးမှူးပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူက AWCLA အဖွဲ့မှ နွေးထွေးစွာ ကြိုဆိုသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ AWCLA ၏ ရှိရင်းစွဲချစ်ခင်ရင်းနှီးမှုနှင့် ရိုးရာအစဉ်အလာများကို ထိန်းသိမ်းသွားရန် ကတိပြုပါကြောင်းနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် AWCLA ၏ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ် Mr. Adelio Aggelito S. Cruz နှင့် ဇနီး Mrs. Catherine Amon Cruz ၊ အင်ဒိုနီးရှားကောင်စစ်ဝန်ချုပ် Mr. Purnomo Ahmad Chandra နှင့် ဇနီး Mrs. Runi Purnomo ၊ ထိုင်းကောင်စစ်ဝန်ချုပ်၏ ဇနီး Mrs. Sirigamon Saralamba နှင့် AWCLA ၏ အဖွဲ့ဝင်များပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။