ASEAN – Pretoria Committee (APC) – WESGRO အလုပ်သဘော နေ့လည်စာစားပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ / သံအမတ် ဦးဆောင်တက်ရောက် (၂၂-၉-၂၀၂၅ ရက်)

(၂၂-၉-၂၀၂၅ ရက်၊ ပရီတိုးရီးယား)

သံရုံးယာယီတာဝန်ခံ / သံအမတ် ဦးသိန်းမင်းထွန်းသည် ၂၂-၉-၂၀၂၅ ရက်နေ့၊ နေ့လည် ၁၁ : ၃၀ အချိန်တွင် ပရီတိုးရီးယားမြို့ရှိ The Capital Menlyn Maine Hotel ၌ တောင်အာဖရိကနိုင်ငံ၊ Western Cape ပြည်နယ်အစိုးရ၏ စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် WESGRO အဖွဲ့နှင့် ပြုလုပ်သော ASEAN – Pretoria Committee (APC) – WESGRO အလုပ်သဘောနေ့လည်စာစားပွဲသို့ ASEAN – Pretoria Committee (APC) အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ နေ့လည်စာစားပွဲသို့ ASEAN – Pretoria Committee (APC) အဖွဲ့ဝင် သံအမတ်ကြီး များနှင့် ကိုယ်စားလှယ်များ၊ WESGRO အဖွဲ့၏ CEO Ms. Wrenelle Stander နှင့် အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြပြီး အာဆီယံနိုင်ငံများနှင့် တောင်အာဖရိကနိုင်ငံ၊ Western Cape ပြည်နယ်အကြား ကုန်သွယ်‌ရေး၊ ခရီးသွားလာရေး၊ ရင်းနှီးမြှုပ်နှံမှုများ အပြန်အလှန် တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။