(၇-၉-၂၀၂၅ ရက်၊ ကိုင်ရိုမြို့)
အာဆီယံ-ကိုင်ရိုကော်မတီ၏ နှစ်စဉ် အားကစားနှင့် မိသားစုဝင်များ လှုပ်ရှားမှုအဖြစ် ASEAN-Cairo Committee Bowling Tournament (2025) ကို ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် မြန်မာသံရုံး၊ ကိုင်ရိုမြို့က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲ ၁၄၀၀ နာရီမှ ၁၇၃၀ နာရီအထိ ကိုင်ရိုမြို့ International Bowling Centre တွင် ဦးစီးကျင်းပ ခဲ့ပါသည်။ အဆိုပါ ဘိုးလင်းပြိုင်ပွဲသို့ ကိုင်ရိုမြို့အခြေစိုက် အာဆီယံသံရုံး (၉) ရုံးမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ကျောင်းသား များ ပါဝင်ဆင်နွှဲခဲ့ရာ မြန်မာသံရုံးမှ သံအမတ်ကြီးဦးကျော်တင်ရှိန်နှင့်ဇနီး ဦးဆောင်သော သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ပြိုင်ပွဲတွင် ပထမ-ဒုတိယ-တတိယ အသင်းလိုက်ဆုများနှင့် တစ်ဦးချင်း ထူးချွန်ဆုများ အဖြစ် အကောင်းဆုံး သံအမတ်ကြီးဆု၊ အမျိုးသား၊ အမျိုးသမီးဆုများ အသီးသီး ရွေးချယ်ခဲ့ရာ မြန်မာသံရုံးက အသင်းလိုက် ဒုတိယဆုရရှိခဲ့ပါသည်။

