ASEAN Breakfast Event နှင့် ASEAN-Dhaka Committee Chairmanship အခမ်းအနား ကျင်းပ(၁၄-၂-၂၀၂၃ ရက်)

(၁၄-၂-၂၀၂၃ ရက်၊ ဒါကာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ တာဝန်ယူခဲ့သော ASEAN-Dhaka Committee ၏ ဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင်သံရုံး ယာယီတာဝန်ခံ Ms. Maria Tanya Gaurano သို့ တရားဝင် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဒါကာမြို့ရှိ၊ မြန်မာသံအမတ်ကြီးနေအိမ်၌ ၆-၂-၂၀၂၃ ရက်၊ နံနက် ၉ နာရီ မှ ၁၁ နာရီအထိ ကျင်းပခဲ့ရာ အာဆီယံသံအမတ်ကြီး/ သံရုံးအကြီးအကဲများနှင့် ဒုတိယ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား မစတင်မီ “ASEAN Breakfast Event” အနေဖြင့် မြန်မာ့ရိုးရာ အုန်းနို့ခေါက်ဆွဲ၊ မြန်မာလက်ဖက်ရည်၊ ကော်ဖီ၊ မုန့်နှင့်သစ်သီးစုံ တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

မြန်မာသံအမတ်ကြီးမှ (၇)လကြာ ASEAN-Dhaka Committee ၏ ဥက္ကဋ္ဌ တာဝန်ယူထားစဉ်ကာလအတွင်း အာဆီယံသံရုံးအကြီးအကဲများ အစည်းအဝေး (HOM Meeting) များ၊ အာဆီယံ ကောင်စစ်အရာရှိများ အစည်းအဝေး (Virtual Meeting) များ၊ ASEAN Working Group Meeting (Virtual Meeting) ကျင်းပဆောင်ရွက်ခဲ့သကဲ့သို့ ဩဂုတ်လအတွင်း အင်ဒိုနီးရှားသံရုံး၌ မြန်မာသံအမတ်ကြီးမှ ဦးစီး၍ ASEAN Day အခမ်းအနားနှင့် ASEAN Food-Festival ကိုလည်း စည်ကားအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ထို့အပြင် ASEAN-Dhaka Committee နှင့် BIMSTEC အတွင်းရေးမှူးချုပ် H.E. Mr. Tenzin Lekphell ဦးဆောင်သော BIMSTEC အတွင်းရေးမှူးချုပ်ရုံး တို့အကြား ပထမအကြိမ် အစည်းအဝေးကို ကျင်းပခဲ့သကဲ့သို့ ညွှန်ကြားရေးမှူးချုပ် H.E. Dr. Cherdsak Virapat ဦးစီးသော The Centre on Integrated Rural Development for Asia and the Pacific (CIRDAP) ရုံးနှင့်လည်း ပထမအကြိမ် အစည်းအဝေးကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာသံအမတ်ကြီး ကော်မတီဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများကိုလည်း ဖိတ်ခေါ်၍ ချစ်ကြည်ရေး တင်းနစ်ပြိုင်ပွဲ ကျင်းပခြင်း၊ သံတမန်ဇုန် အတွင်း၌ တာလတ်အပြေးပြိုင်ပွဲ ကျင်းပခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။