(၂-၉-၂၀၂၁ ရက်၊ ဘဲလ်ဂရိတ်)
၁။ ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဆားဘီးယားအစိုးရသုတေသန အဖွဲ့အစည်းတစ်ခုဖြစ်သည့် Institution of International Politics and Economics သည် ဆားဘီးယားနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများနှင့် Non-Aligned Movement နှစ် (၆၀)ပြည့်အထိမ်းအမှတ် Ambassadorial Conference on the Occasion of the 60th Anniversary of the Non-Aligned Movement ကို ၂-၉-၂၀၂၁ ရက်နေ့တွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ တက်ရောက်ခဲ့ပြီး ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ State Secretary H.E. Mr. Nemanja Starovic ၊ Institution of International Politics and Economics မှ Director Prof. dr Branislav Dordevic၊ ဘဲလ်ဂရိတ်အခြေစိုက် Non-Aligned Movement အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စိတ်ပါဝင်စားသူများနှင့် မီဒီယာများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
၂။ အစည်းအဝေး၌ ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ State Secretary Nemanja Starovic နှင့် Institution of International Politics and Economics မှ Director Prof. dr Branislav Dordevic အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဘဲလ်ဂရိတ်အခြေစိုက် Non-Aligned Movement အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးအကြီးအကဲများမှ ဆွေးနွေးပြောကြားခဲ့ပါသည်။
မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်-
(က) မြန်မာနိုင်ငံသည် Non-Aligned Movement စတင်ထူထောင်ခဲ့သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊
(ခ) မြန်မာနိုင်ငံအနေဖြင့် Non-Aligned Movement အဖွဲ့ကြီး၏ အခြေခံမူ (၅)ချက်အား ယနေ့အချိန်ထိ လေးစားလိုက်နာလျက်ရှိကြောင်း၊
(ဂ) မြန်မာနိုင်ငံ၏ လွတ်လပ်၊ တက်ကြွ၍ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒတွင်လည်း Non-Aligned Movement ၏ အခြေခံမူကြီး (၅) ချက်နှင့်အညီ ကျင့်သုံးလျက်ရှိကြောင်း၊
(ဃ) လက်ရှိကမ္ဘာကြီးတွင် လူမှုရေး၊ စီးပွားရေးလွှမ်းမိုးမှုများဖြင့် ခေတ်သစ်နယ်ချဲ့ဝါဒများ ကျင့်သုံးလျက်ရှိကြောင်း၊
(င) Non-Aligned Movement အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမမျှတမှု၊ ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲမှု၊ အစွန်းရောက်ဝါဒီများ၊ အကြမ်းဖက်မှုများနှင့် တစ်ဖက်သက်စီးပွားရေးပိတ်ဆိုမှု့များကို ရင်ဆိုင်နေရကြောင်း၊
(စ) လက်ရှိအချိန်တွင် အကြီးမားဆုံးစိန်ခေါ်မှုမှာ Covid-19 ကပ်ရောဂါဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြန်အလှန် ကူညီနားလည်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)နှင့်အတူတကွ ရပ်တည်ကာ ကပ်ရောဂါဆိုးအား ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်ကြောင်း၊
(ဆ) Covid-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အခွင့်အရေး တန်းတူမရှိသည်မှာ ဝမ်းနည်းစရာကောင်းပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ဆေး တန်းတူညီမျှ ရရှိစေရေးအတွက် ဖွံ့ဖြိုးပြီးနိုင်ငံများကို တိုက်တွန်းရန် လိုကြောင်း၊
(ဇ) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖွဲ့ကြီး၏ မူများကို လေးစားလိုက်နာပြီး ဖွံ့ဖြိုးတိုးတက်မှု၊ တန်းတူညီမျှရှိမှုနှင့် တရားမျှတမှုရှိစေရန်တို့အတွက် အတူတကွ ရပ်တည်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊
၃။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။



