AALCO အတွင်းရေးမှူးချုပ်အား ဂုဏ်ပြုတည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးတက်ရောက် (၂၆-၈-၂၀၂၅ ရက်)

(၂၆-၈-၂၀၂၅၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးသည် AALCO အတွင်းရေးမှူးချုပ်ဖြစ်သူ Dr. Kamalinne Pinitpuvadol အတွက် ဂုဏ်ပြုညစာစားပွဲအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် နယူးဒေလီမြို့ရှိ ထိုင်းနိုင်ငံသံရုံးတွင် တည်ခင်းဧည့်ခံခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါညစာစားပွဲသို့ AALCO အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် အတွင်းရေးမှူးချုပ် Dr. Kamalinne Pinitpuvadol အား ဒုတိယအကြိမ်သက်တမ်း (၂၀၂၆-၂၀၂၉) ခန့်အပ်နိုင်မည့် အလားအလာဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။