နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ (၁၇-၇-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program- WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Micheal John Dunford အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၁၇-၇-၂၀၂၆…

အီသီယိုပီးယားနိုင်ငံ၏ အမျိုးသားအဆင့် ညီလာခံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ သံအမတ်ကြီး တက်ရောက် (၁၅-၇-၂၀၂၆၊ အဒစ်အဘာဘာ)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၁၅-၇-၂၀၂၆ ရက်တွင် အီသီယိုပီးယားနိုင်ငံ၊ အဒစ်အဘာဘာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အီသီယိုပီးယားနိုင်ငံ၏ အမျိုးသားအဆင့် ညီလာခံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။အဆိုပါ ညီလာခံဆွေးနွေးပွဲသည် အီသီယိုပီးယားနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ညီညွတ်ရေးဖော်ဆောင်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပနေခြင်းဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင်…

ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဘရာဇီးလ်နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Mr. Chia Wei အား လက်ခံတွေ့ဆုံခဲ့ခြင်း (၁၆-၇-၂၀၂၆၊ ဘရာဇီးလျား)

ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဘရာဇီးလ်နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Mr. Chia Wei အား ၁၆-၇-၂၀၂၆ ရက် (ကြာသပတေးနေ့)၊ ၁၄၀၀ နာရီတွင် မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။​ထိုသို့တွေ့ဆုံစဉ် ဘရာဇီးလျားမြို့အခြေစိုက်…

ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုး ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အိမ်နီးချင်းကောင်းဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုသည့် (၂၅) နှစ် မြောက်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားတက်ရောက် (၁၅-၇-၂၀၂၆၊ မင့်စ်)

ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ၁၅-၇-၂၀၂၆ ရက်၊ ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ ရုရှားသံရုံး၌ ရုရှားနှင့် တရုတ်နိုင်ငံသံရုံးတို့က ပူးတွဲကျင်းပပြုလုပ်သည့် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အိမ်နီးချင်းကောင်းဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုသည့် (၂၅) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲသို့…

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အာရှပစိဖိတ်ဒေသအုပ်စုသံအဖွဲ့ အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက် (၁၆-၇-၂၀၂၆၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Wang Di ၏ ဖိတ်ကြားမှုအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၊ နေ့လယ် (၁၂၀၀) နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ…

မြန်မာသံအမတ်ကြီးက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးရေးစခန်း (CI စခန်း) တာဝန်ရှိပုဂ္ဂိုလ်များသို့ တွေ့ဆုံဆွေးနွေးပြောကြားခဲ့ခြင်း (၁၅-၇-၂၀၂၆၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် CI ထုတ်ပေးရေးစခန်း ဝန်ဆောင်ခကောက်ခံမှုဆိုင်ရာ ထိုင်းမီဒီယာသတင်းဌာနတစ်ခု၏ ဖော်ပြချက်နှင့်စပ်လျဉ်း၍ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းတာဝန်ခံများ၊ ဝန်ထမ်းများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးရန်နှင့် ကြိုတင်အစီအမံများ ဆောင်ရွက်နိုင်ရန်တို့အတွက် မြန်မာသံရုံး၊ ဗန်ကောက်မြို့ အစည်းအဝေးခန်းမ၌ ၁၅-၇-၂၀၂၆ ရက်…