အာဆီယံဆက်စပ်အစည်းအဝေးများသို့အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်(၃၀-၄၂၀၂၆၊ ဂျကာတာ)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံ- နယူးဇီလန် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေးနှင့် (၃) ကြိမ်မြောက် အာဆီယံ-ပီရူး ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့သည်။၂၄-၄-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့်…

ကနေဒါနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲအခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်(၂၉-၄-၂၀၂၆၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် စင်ကာပူနိုင်ငံအခြေစိုက် ကနေဒါနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E. Mr. Sam Tan က ကနေဒါနိုင်ငံသို့ ခရီးစဉ် ရောက်ရှိစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်…

ကိုရီးယားသမ္မတနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေါ် ဥပဒေအရဆက်ခံပိုင်ခွင့်ရှိသည့် ဇနီးဖြစ်သူအား ရသင့်ရထိုက်သည့်အခွင့်အရေးများရရှိအောင် မြန်မာသံရုံးက ကူညီဆောင်ရွက်ပေး (၁-၅-၂၀၂၆၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံ၊ ဂယောင်းဂီပြည်နယ်၊ ဟွာဆောင်းမြို့တွင် သံမဏိပုံသွင်းစက်ရုံတစ်ခုတွင် တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားမောင်စန်းယုသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၌ လုပ်ငန်းခွင်အတွင်းအလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံတက်ရောက် ကုသနေစဉ် သေဆုံးသွားခဲ့ပါသည်။ မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ကျန်ရစ်သူမိသားစု ကိုရီးယားနိုင်ငံသို့…

အာဆီယံကော်မတီဝါရှင်တန်(ACW)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပွဲနှင့် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ(CSIS)မှ ညွှန်ကြားရေးမှူးနှင့် အကြီးတန်းသုတေသီ Mr. Gregory B. Poling နှင့်တွေ့ဆုံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးပါဝင်တက်ရောက်(၂၉-၄-၂၀၂၆၊ ဝါရှင်တန်)

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် အာဆီယံကော်မတီ ဝါရှင်တန် (ASEAN Committee in Washington, ACW)၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းသံအမတ်ကြီး ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် ဘရူနိုင်းသံရုံး၌ ကျင်းပပြုလုပ်သည့် အာဆီယံကော်မတီ…

ကုလသမဂ္ဂ အမျိုးသမီးများအသင်း (ဗီယင်နာ)၏ အပြည်ပြည်ဆိုင်ရာ နေ့လယ်စာဈေးရောင်းပွဲ တော်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ပါဝင်ရောင်းချလှူဒါန်း၊ မြန်မာ့သနပ်ခါး မိတ်ဆက်ပြသ(၂၉-၄-၂၀၂၆၊ ဗီယင်နာ)

မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့သည် ၂၉-၄-၂၀၂၆ ရက်တွင် ဗီယင်နာ အပြည်ပြည်ဆိုင်ရာစင်တာ၌ ကုလသမဂ္ဂ အမျိုးသမီးများအသင်း (ဗီယင်နာ) က ကြီးမှူးကျင်းပ သော အပြည်ပြည်ဆိုင်ရာ နေ့လယ်စာဈေးရောင်းပွဲတော်တွင် မြန်မာအစားအစာများကို ရောင်းချလှူဒါန်းခဲ့ပါသည်။အဆိုပါပွဲတော်တွင် မြန်မာအဖွဲ့ရုံးက ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်…

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအမျိုးသမီး (၃)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ခြင်း(၂၉-၄-၂၀၂၆၊ ဘဂ္ဂဒက်)

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား (၃) ဦးတို့သည် MAI လေကြောင်း ဖြင့် ၂၉-၄-၂၀၂၆ ရက်နေ့၊ နံနက် (၀၃၁၀)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။အဆိုပါမြန်မာနိုင်ငံသားများသည် မြန်မာသံရုံး၊ ကိုင်ရိုမြို့သို့…

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် နီပေါနိုင်ငံခြားရေးဝန်ကြီး Honourable Mr. Shisir Khanal အား ဂါရဝပြုတွေ့ဆုံ(၂၉-၄-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Honourable Mr. Shisir Khanal အား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ ၁၂၃၀ နာရီတွင် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန…

“Liaison Officials Meeting for the 23rd China-ASEAN Business and Investment Summit CABIS” အစည်းအဝေးသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့ခြင်း (နန်နင်း၊ ၂၈-၄-၂၀၂၆)

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း သည် ၂၈-၄-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Grand Metropark Hotel ၌ ကျင်းပခဲ့သည့် “Liaison Officials Meeting for the…

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ခြင်း (၂၉-၄-၂၀၂၆၊ နေပြည်တော်)

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရ အဖွဲ့၏ ရက်(၁၀၀) စီမံချက်ဆွေးနွေးပွဲ အခမ်းအနားကို ၂၉-၄-၂၀၂၆ ရက်၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊…

ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု မိတ်ဆွေများအဖွဲ့ (ဗီယင်နာ) ထူထောင်သည့် အခမ်းအနားသို့ မြန်မာ အမြဲတမ်းကိုယ်စားလှယ် တက်ရောက်(၂၈-၄-၂၀၂၆၊ ဗီယင်နာ)

ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု မိတ်ဆွေများအဖွဲ့ (ဗီယင်နာ) ထူထောင်သည့် အခမ်းအနားကို ၂၈-၄-၂၀၂၆ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး က ကြီးမှူးကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂရုံးနှင့်…