သံအမတ်ကြီး ဦးဇော်ဝင်းမြင့်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်

(၆-၁-၂၀၂၆ရက်၊ နေပြည်တော်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဝင်းမြင့် အား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။

မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Gourangalal Das အား သွားရောက်တွေ့ဆုံနှုတ်ဆက်

(၆-၁-၂၀၂၆ ရက်၊ ဆိုးလ်) မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၅-၁-၂၀၂၆ ရက် (တနင်္လာနေ့) ညနေပိုင်းတွင် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Gourangalal Das အား ၎င်းသံရုံးသို့သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထိုသို့သွားရောက်တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးမှ…

မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့၊ သံရုံးယာယီတာဝန်ခံက အာဆီယံ-ပရီတိုးရီးယားကော်မတီ အလှည့်ကျဥက္ကဌအဖြစ် တတိယအကြိမ်မြောက် သံအမတ်ကြီးအဆင့်အစည်းအဝေး ကျင်းပ၍ အာဆီယံ – ပရီတိုးရီးယားကော်မတီအလှည့်ကျဥက္ကဌရာထူးကို စင်ကာပူသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း

(၆-၁-၂၀၂၆ ရက်နေ့၊ ပရီတိုးရီးယား) အာဆီယံ-ပရီတိုးရီးယားကော်မတီအလှည့်ကျဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသော မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ဦးသိန်းမင်းထွန်းသည် အာဆီယံ – ပရီတိုးရီးယား ကော်မတီ၏ တတိယအကြိမ်မြောက် သံအမတ်ကြီးအဆင့်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ နေ့လည်…

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေး

(၆-၁-၂၀၂၆ ရက်၊ နေပြည်တော် )   ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စမာရီယာ ထရက်ဆာ ပရဲညို လာဇာရို သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှ ၇…