2026 “Big Market for All: Export to China” ASEAN Fruits Initiative in Nanning အစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက် (၁၈-၆-၂၀၂၆၊ နန်နင်း)

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း သည် ၁၈-၆-၂၀၂၆ ရက်တွင် နံနက်ပိုင်းတွင် နန်နင်း အပြည်ပြည်ဆိုင်ရာ ကုန်စည်မီးရထားဘူတာ၌ ကျင်းပသော 2026 “Big Market for All: Export to China” ASEAN Fruits Initiative in Nanning အစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားသို့ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ အုပ်ချုပ်ရေးမှူး၊ အခြားနိုင်ငံခြား သံအမတ်ကြီးများ၊ အာဆီယံကောင်စစ်ဝန်ချုပ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ အုပ်ချုပ်ရေးမှူး Mr. Wei Tao က အဖွင့်အမှာစကားပြောကြားပြီး နန်နင်းမြို့တော်ဝန် Mr. Hou Gang နှင့် JD.com ၊ China Railway တို့က လတ်ဆတ်သော အစားအစာများ ပို့ဆောင်ရေးအတွက် ပိုမိုခေတ်မီသော ဒစ်ဂျစ်တယ် အချက်အချာဌာနတစ်ခု တည်ဆောက်ခြင်းဆိုင်ရာ စီမံကိန်းများ ကို တင်ပြခဲ့ပါသည်။ ထို့နောက် “ရှေ့သို့ အတူတကွ လှမ်းချီ၊ ကြီးမားတဲ့ဈေးကွက်ကို မျှဝေပါ” ကဏ္ဍတွင် မြန်မာကောင်စစ်ဝန်ချုပ် ကိုယ်တိုင်ပါဝင်ထားသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ သံတမန်များမှ လတ်ဆတ်သော ထွက်ကုန်များကို ဈေးကွက်မြှင့်တင်ရန် တင်ပြ ထားသည့် အထူးဗီဒီယိုကို တင်ဆက်ပြသခဲ့ပါသည်။
ဆက်လက်၍ ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များ ခင်းကျင်းပြသထားသည့် ပြပွဲသို့ လှည့်လည်ကြည့်ရှုပြီးနောက် အထူးဧည့်သည်တော်များနှင့် မြန်မာကောင်စစ်ဝန်ချုပ်သည် အာဆီယံ နယ်စပ်ဖြတ်ကျော် သစ်သီးဝလံများတင်ဆောင်လာသော အအေးခန်းရထား ဆိုက်ရောက်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။