သံအမတ်ကြီး ဦးကျော်တင်ရှိန်အား အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် (၂၈-၈-၂၀၂၅ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးကျော်တင်ရှိန်အား ၎င်း၏လက်ရှိ တာဝန်ဝတ္တရားများအပြင် အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ရက်စွဲ၊ ၂၀၂၅…

သံအမတ်ကြီး ဦးကျော်တင်ရှိန်အား မော်ရိုကိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် (၂၈-၈-၂၀၂၅ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးကျော်တင်ရှိန်အား ၎င်း၏လက်ရှိ တာဝန်ဝတ္တရားများအပြင် မော်ရိုကိုနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ရက်စွဲ၊ ၂၀၂၅ ခုနှစ်…

မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာနယ်နိမိတ်အကြောင်း သိကောင်းစရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့နှင့် ပိတ်ပွဲအခမ်းအနားကျင်းပပြုလုပ် (၂၈-၈-၂၀၂၅ ရက်)

(၂၈-၈-၂၀၂၅ ရက်၊ နေပြည်တော်) မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အကြောင်း သိကောင်းစရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက် တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲဒုတိယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊…

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဗန်ကောက်မြို့အခြေစိုက်၊ ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးမှုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David William Mclachlan-Karr အား လက်ခံတွေ့ဆုံ (၂၈-၈-၂၀၂၅ ရက်)

(၂၈-၈-၂၀၂၅ ရက်၊ နေပြည်တော်) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဗန်ကောက်မြို့အခြေစိုက်၊ ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးမှုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David William Mclachlan-Karr အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈…

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ (၂၈-၈-၂၀၂၅ ရက်)

(၂၈-၈-၂၀၂၅ ရက်၊ နေပြည်တော်) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈…

AALCO အတွင်းရေးမှူးချုပ်အား ဂုဏ်ပြုတည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးတက်ရောက် (၂၆-၈-၂၀၂၅ ရက်)

(၂၆-၈-၂၀၂၅၊ နယူးဒေလီ) အိန္ဒိယနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးသည် AALCO အတွင်းရေးမှူးချုပ်ဖြစ်သူ Dr. Kamalinne Pinitpuvadol အတွက် ဂုဏ်ပြုညစာစားပွဲအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် နယူးဒေလီမြို့ရှိ ထိုင်းနိုင်ငံသံရုံးတွင် တည်ခင်းဧည့်ခံခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ…

မြန်မာသံရုံးတိုကျိုမြို့မှ (၃၂၆) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို) အစည်းအဝေးအား လက်ခံကျင်းပ (၂၇-၈-၂၀၂၅ ရက်)

(၂၇-၈-၂၀၂၅ ရက်၊ တိုကျို) မြန်မာသံရုံး၊ တိုကျိုမြို့မှ ကြီးမှူး၍ တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ (၃၂၆) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် မြန်မာသံရုံး၊…

2025 ASEAN-Oriented Standardization Cooperation Forum သို့ မြန်မာနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် မြန်မာကောင်စစ်ဝန်ချုပ်တို့ ပါဝင်တက်ရောက် (၂၇-၈-၂၀၂၅ ရက်)

(၂၇-၈-၂၀၂၅ ရက်၊ နန်နင်း) တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ်အစိုးရဧည့်ဂေဟာတွင် ၂၇-၈-၂၀၂၅ ရက်နေ့၌ ကျင်းပ သော 2025 ASEAN-Oriented Standardization Cooperation Forum သို့ မြန်မာနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး…

သံအမတ်ကြီးက မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံ ပါဠိတော် ကျမ်းစာအုပ်များအား ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြိုရှိ Wat Langka ကျောင်းတိုက် ဆရာတော်ထံလှူဒါန်း (၂၅-၈-၂၀၂၅ ရက်)

(၂၅-၈-၂၀၂၅ ရက်၊ ဖနောင်ပင်) ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနှင့် ဇနီး ဒေါ်ဇာနည်ကျော် ဦးဆောင်သည့် မြန်မာသံရုံးဝန်ထမ်းများသည် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က လှူဒါန်းသည့် မြန်မာ-ရိုမန်…

Friendship exchange program “Colors of ASEAN” အခမ်းအနားသို့ မြန်မာသံရုံးမှ ပါဝင်တက်ရောက် (၂၃-၈-၂၀၂၅ ရက်)

(၂၃-၈-၂၀၂၅ ရက်၊ ဟနွိုင်း) ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နှစ် (၈၀) ပြည့် အမျိုးသားနေ့အဖြစ်လည်းကောင်း၊ အာဆီယံအဖွဲ့သို့ ဝင်ရောက်သည့် နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ အာဆီယံ အဖွဲ့ တည်ထောင်သည့် (၅၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ်လည်းကောင်း…