Month: ဇွန် 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်အခမ်းအနား ယောဂသရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်သို့ ပါဝင်တက်ရောက် (၁၅-၆-၂၀၂၅ )
(၁၅-၆-၂၀၂၅ ) ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ ၀၆၀၀ နာရီတွင်…
နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် “2025 China(Guangdong)-ASEAN Trade Promotion and Supply Chain Cooperation Mechanism Development Coordination & Exchange Conference” သို့ တက်ရောက် (၁၂-၆-၂၀၂၅ ရက်)
(၁၂-၆-၂၀၂၅ ရက်၊ ကွမ်ကျိုး) ၁၀-၆-၂၀၂၅ ရက်နေ့တွင် ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့ရှိ Guangzhou Baiyun International Convention Center ၌ ကျင်းပခဲ့သည့် “2025 China(Guangdong)-ASEAN Trade Promotion and Supply…
အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် (၁၂- ၆-၂၀၂၅ ရက်)
(၁၂- ၆-၂၀၂၅ ရက်၊ ပီနန်း) မလေးရှားနိုင်ငံ၊ ပီနန်းမြို့၌ ၉-၆-၂၀၂၅ ရက်မှ ၁၁-၆-၂၀၂၅ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ အာဆီယံ+၃ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အာဆီယံဒေသတွင်းဖိုရမ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊…
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့က ဦးစီးပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကျောင်းသားများအကြား အွန်လိုင်းဖြင့် ဘာသာစကားဖလှယ်ရေးအစီအစဉ် ကျင်းပခဲ့ခြင်း (၁၂-၆-၂၀၂၅ ရက်)
(၁၂-၆-၂၀၂၅၊ ကူမင်းမြို့) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့က ဦးဆောင်ဦးရွက်ပြုမှုဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ တရုတ်ဘာသာဌာနနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပညာရေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာကောလိပ်၊ မြန်မာဘာသာဌာနတို့တွင် တက်ရောက် လျက်ရှိကြသည့် နှစ်နိုင်ငံကျောင်းသားများအကြား အွန်လိုင်းအသုံးပြုပြီး မိခင်ဘာသာစကား ဖလှယ်ရေးအစီအစဉ်တစ်ရပ်ကို…
မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ငွေလှူဒါန်းမှုများအား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ လက်ခံရယူ (၁၂-၆-၂၀၂၅ ရက်)
(၁၂-၆-၂၀၂၅ ရက်၊ ဆိုးလ်) မြန်မာနိုင်ငံတွင် ၂၈-၃-၂၀၂၅ ရက်နေ့က အင်အားရစ်ချက်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ပျက်ဆီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သဖြင့် ယင်းငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်…
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးကို လက်ခံတွေ့ဆုံ (၉-၆-၂၀၂၅ ရက်)
(၉-၆-၂၀၂၅ ရက်၊ နေပြည်တော်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉…
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့က မြန်မာ့ယဉ်ကျေးမှုအကနှင့် မြန်မာ့ရုပ်သေးမိတ်ဆက်ခြင်းအခမ်းအနား ကျင်းပခဲ့ခြင်း (၁၁-၆-၂၀၂၅)
(၁၁-၆-၂၀၂၅၊ ကူမင်း) မြန်မာကောင်စစ်ဝန်ချုပ်ရုံးကူမင်းမြို့နှင့် မြန်မာနိုင်ငံသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တို့ ပူးပေါင်းပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အက ဖြစ်သည့် နှစ်ပါးသွားအကနှင့် ရုပ်သေးနှစ်ပါးသွားအကများဖြင့် မိတ်ဆက်ခြင်းနှင့် ရုပ်သေးပညာနှင့်ပတ်သက်သည့် နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန်တိုင်းရင်းသားတက္ကသိုလ်၊ နိုင်ငံခြားဘာသာနှင့် တောင်နှင့်အရှေ့တောင်အာရှကောလိပ်…
မြန်မာသံရုံး၊ အော်စလိုမြို့ သံအမတ်ကြီးမှ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်နှင့် အာဆီယံကော်မတီအော်စလိုအကြား အစည်းအဝေးသို့ တက်ရောက် (၁၁-၆-၂၀၂၅ ရက်)
(၁၁-၆-၂၀၂၅ ရက်၊ အော်စလို) နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ အလုပ်သဘောခရီးရောက်ရှိနေသော အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn နှင့် အာဆီယံကော်မတီအော်စလို အဖွဲ့ဝင်များအကြား အစည်းအဝေးကို ၉-၆-၂၀၂၅ ရက်၊ တနင်္လာနေ့ (၁၇၁၅)နာရီတွင်…
မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ညစာစားပွဲ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပ (၈-၆-၂၀၂၅ ရက်)
(၈-၆-၂၀၂၅ရက်၊နေပြည်တော်) မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ညစာစားပွဲ အခမ်းအနားကို ၈-၆-၂၀၂၅ ရက်၊ ညနေ ၁၈၀၀ နာရီအချိန်တွင် နေပြည်တော်ရှိမင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊…

