ဦးစိန်ဦး အား ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်(၂၅-၄-၂၀၂၅ရက်)

(၂၅-၄-၂၀၂၅ရက်၊ နေပြည်တော်) ​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးစိန်ဦး အား ဘရူနိုင်း ဒါရူဆလမ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။

မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်း က ယူဂန်ဒါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ(၂၆-၄-၂၀၂၅ရက်)

(၂၆-၄-၂၀၂၅ရက်၊ ကွာလာလမ်ပူ)​ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှားနိုင်ငံ ဆိုင်ရာ ယူဂန်ဒါသံအမတ်ကြီး H.E. Dr. Betty Oyella Bigombe အား ၂၂-၄-၂၀၂၅ ရက်တွင် ကွာလာလမ်ပူမြို့၊ မြန်မာသံရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။​ထို့သို့တွေ့ဆုံရာတွင်…

မြန်မာနိုင်ငံရှိ မြေငလျင်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းသည့် အလှူ‌ငွေနှင့် လှူဒါန်းပစ္စည်းများကို မြန်မာသံအမတ်ကြီးက လက်ခံခဲ့ခြင်း (၂၆-၄-၂၀၂၅ ရက်)

(၂၆-၄-၂၀၂၅၊ နယူးဒေလီ) ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့၏ အရှေ့မြောက်ဘက်(၂၀)မိုင်ခန့် အကွာ ကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့သဖြင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့်…

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းတစ်ဦးချင်းစီ၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်း(၂၅-၄-၂၀၂၅ ရက်)

(၂၅-၄-၂၀၂၅ ရက်၊ နေပြည်တော်) ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၅-၄-၂၀၂၅ ရက် (သောကြာ နေ့)၊ နံနက်(၉:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(နေပြည်တော်)ရှိ ရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့…

မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် အလှူပစ္စည်းများနှင့် အလှူငွေများကို နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်က လက်ခံခဲ့ခြင်းနှင့် ဒုတိယအကြိမ် ဆက်လက်ပေးပို့ခဲ့ခြင်း(၂၅-၄-၂၀၂၅ ရက်)

(၂၅-၄-၂၀၂၅ ရက်၊ နန်နင်း)​ ၂၈-၃-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ ငလျင်ဘေးသင့်ပြည်သူများအတွက် The first Affiliated Hospital of Guangxi Medical University…

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် မြန်မာသံအမတ်ကြီးလက်မှတ်ရေးထိုး (၂၄-၄-၂၀၂၅ ရက်)

(၂၄-၄-၂၀၂၅၊ ဗီယင်နာ) သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ သံအမတ်ကြီး ဦးမင်းသိမ်းသည် ၂၃-၄-၂၀၂၅ ရက်တွင် ဗီယင်နာမြို့ရှိ ဟိုလီဆီးသံရုံးသို့သွားရောက်၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၂၁-၄-၂၀၂၅ ရက်တွင် ကွယ်လွန်ခဲ့ခြင်းအတွက် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ပါသည်။

အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး အီရန်အစ္စလာမစ်သမ္မတနိုင်ငံ တပ်မတော်နေ့ဧည့်ခံပွဲသို့တက်ရောက် (၂၄-၄-၂၀၂၅ ရက်)

(၂၄-၄-၂၀၂၅ ရက်၊ နယူးဒေလီ) အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၂-၄-၂၀၂၅ ရက်နေ့၌ နယူးဒေလီမြို့၊ Shangri-La Eros ဟိုတယ်တွင် အီရန်အစ္စလာမစ်သမ္မတနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ ကြီးမှူးကျင်းပသည့် အီရန်အစ္စလာမစ်သမ္မတနိုင်ငံ တပ်မတော်နေ့ ဧည့်ခံပွဲ အခမ်းအနားသို့…

ငလျင်ဒဘေးဏ်သင့် မြန်မာပြည်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်သမ္မတနိုင်ငံအစိုးရမှ လှူဒါန်းသည့် အစားအစာနှင့် ဆေးဝါပစ္စည်းများကို လက်ခံရရှိခြင်း

 (၂၃-၄-၂၀၂၅၊ ဟနွိုင်း) မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်သင့်ဒေသများရှိ မြန်မာ ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်သမ္မတနိုင်ငံအစိုးရမှ လှူဒါန်းသည့် အစားအစာနှင့် ဆေးဝါးပစ္စည်း များကို ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား…

တရုတ် (ကွမ်ရှီး)-အာဆီယံ စိုက်ပျိုးရေးစံချိန်စံနှုန်းဆိုင်ရာ ဆွေးနွေးဖလှယ်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှု အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်က ပါဝင်တက်ရောက်ခဲ့ခြင်း

 (၂၃-၄-၂၀၂၅ ရက်၊ နန်နင်းမြို့) နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ၂၂-၄-၂၀၂၅ ရက်နေ့တွင် နန်နင်းမြို့၊ X International Hotel ၌ ကျင်းပခဲ့သည့် တရုတ်စံချိန်စံနှုန်းနှင့် နည်းပညာဆိုင်ရာ ကွမ်ရှီးကောလိပ်နှင့် တရုတ်-အာဆီယံစံနှုန်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးစင်တာမှ ကြီးမှူးစီစဉ်သည့်…

မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းငွေများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက လက်ခံရယူ 

(၂၃-၄-၂၀၂၅ ရက်၊ ဒါကာ) မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက်လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB) နှင့် စေတနာရှင်များမှ အများစုပေါင်းလှူဒါန်းငွေ တာကာ ၁,၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ…