










(၂၆-၃-၂၀၂၂ ရက်၊ လော့စ်အိန်ဂျယ်လိစ်)
၁။ ASEAN Women Circles of Los Angeles (AWCLA) မှ ကြီးမှူး၍ ၂၆-၃-၂၀၂၂ ရက် (စနေနေ့)တွင် အင်ဒိုနီးရှားကောင်စစ်ဝန်ချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် “2022 ASEAN Charity Bazaar” ဈေးရောင်းပွဲတော်သို့ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စွာနှင့် ဇနီးတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
၂။ အဆိုပါ ဈေးရောင်းပွဲတော်တွင် လော့စ်အိန်ဂျယ်လိစ်မြို့၌ ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ် ထားကြသည့် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဆိုင်ခန်းများဖွင့်လှစ်၍ နိုင်ငံအသီးသီး၏ ရိုးရာအစားအသောက်များ၊ ကျောက်မျက်ရတနာများနှင့် လက်မှုပညာများကို ခင်းကျင်းပြသရောင်းချခဲ့ပြီး ယဉ်ကျေးမှုအကအလှများဖြင့်လည်း ဖျော်ဖြေတင်ဆက်ခဲ့ရာ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များနှင့် အာဆီယံအသိုက်အဝန်းများက အားပေးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

