1st edition of the BIMSTEC Traditional Music Festival 2025 သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် (၄-၈-၂၀၂၅ ရက်၊ နယူးဒေလီမြို့)

အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနနှင့် Indian Council for Cultural Relations တို့၏အစီအစဉ်ဖြင့် 1st edition of the BIMSTEC Traditional Music Festival 2025 အား ၄-၈-၂၀၂၅ ရက်နေ့ (၁၈၀၀) နာရီတွင် နယူးဒေလီမြို့ရှိ Bharat Mandapam ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ မြန်မာသံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါတေးဂီတပွဲတော်သို့ အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး Dr. S. Jaishankar က ဧည့်သည်တော်ကြီးအဖြစ် ပါဝင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအပါအဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ၎င်းတို့၏ ရိုးရာတေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် သံအမတ်ကြီး ဦးဇော်ဦး က မြန်မာ့ရိုးရာတေးဂီတဖြင့် ဖျော်ဖြေခဲ့သည့် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။