10th Annual Silicon Slopes Summit သို့ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

(၆-၂-၂၀၂၆ ရက်၊ လော့စ်အိန်ဂျယ်လိစ်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူသည် The Church of Jesus Christ of Latter-day Saints ၏ ဖိတ်ကြားချက်အရ ယူတားပြည်နယ်၊ ဆော့လိခ်စီးတီးတွင် ၄-၂-၂၀၂၆ ရက်မှ ၆-၂-၂၀၂၆ ရက်အထိ ကျင်းပပြုလုပ်သည့် 10th Annual Silicon Slopes Summit သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကောင်စစ်ဝန်ချုပ်များ၊ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီများ၊ ရင်းနှီး မြှုပ်နှံမှုနှင့် ဈေးကွက်ရှာဖွေရေးကုမ္ပဏီများ၊ ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီများနှင့် ရုပ်ရှင် လုပ်ငန်းများမှ တည်ထောင်သူများနှင့် အမှုဆောင်အရာရှိများအပါအဝင် ကမ္ဘာတစ်ဝန်းမှ ဧည့်သည်တော် ၇,၀၀၀ ကျော်တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှု၊ ဈေးကွက်မဟာဗျူဟာ၊ ခေါင်းဆောင်မှုအရည်အသွေးနှင့် အတွေ့ အကြုံများကို ဆွေးနွေးခဲ့ကြပါသည်။

ကောင်စစ်ဝန်ချုပ်သည် အဆိုပါအစည်းအဝေးတက်ရောက်စဉ်ကာလအတွင်း The World Trade Center ၌ ပြုလုပ်သည့် Fullcast ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr. Ryan Westwood နှင့် အလွတ်သဘောနံနက်စာစားပွဲ၊ Welfare Square သို့ လေ့လာရေးခရီးစဉ်နှင့် Congressman Mike Kennedy နှင့် ကောင်စစ်ဝန်ချုပ်များတွေ့ဆုံပွဲသို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။