မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ကွာလာလမ်ပူမြို့ ရှိ MyUS Venture Partners Sdn Bhd နှင့် NEXGRAM BIOMEDIC SDN BHD မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
(၂၅-၁-၂၀၂၁ ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် ၂၅-၁-၂၀၂၁ ရက်၊ နံနက်ပိုင်း၌ မလေးရှားနိုင်ငံရှိ MyUS Venture Partners Sdn Bhd မှ CEO Dtao’ Nellsen Young နှင့် NEXGRAM BIOMEDIC Sdn Bhd မှ Executive Director Tn Hj Mazru Mat Yusof တို့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့ တွေ့ဆုံရာ၌ NEXGRAM BIOMEDIC Sdn Bhd ၏ Executive Director များက မလေးရှားနိုင်ငံတွင် ၎င်းတို့ဆောင်ရွက်လျက်ရှိသည့် COVID-19 ရောဂါစစ်ဆေးမှုဆိုင်ရာ ဆေးလက်မှတ် (Digital Health Certificate ) လုပ်ငန်းနှင့် နှစ်နိုင်ငံနယ်ခြားဂိတ်များတွင် လွယ်ကူလျင်မြန်စွာ စစ်ဆေးနိုင်ရန်အတွက် အွန်လိုင်းစနစ်ဖြင့် Digital Health Certificate ထုတ်ပေးနေသည့် ကိစ္စရပ်များအပေါ် အဆိုပြုတင်ပြခဲ့ပြီး နှစ်နိုင်ငံ ကျန်းမာရေးဆိုင်ရာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးပြောကြား၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။









