ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဂျပန်-မြန်မာအသင်းမှ ကြိုဆိုမိတ်ဆက်သည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ခြင်း

(၂၈-၂-၂၀၂၀ ရက်၊ တိုကျိုမြို့)

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူသည် ၂၇-၂-၂၀၂၀ ရက်၊ ညနေ ၁၈၃၀ နာရီတွင် တိုကျိုမြို့၊ Hotel New Otani ၌ ဂျပန်-မြန်မာအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာသံအမတ်ကြီးအား ကြိုဆိုမိတ်ဆက်သည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ၊ ခိုမေးတိုးပါတီဥက္ကဋ္ဌ၊ စီဒီပီပါတီဥက္ကဋ္ဌ၊ JICA နှင့် Nippon Foundation တို့မှ ကိုယ်စားလှယ်များက ကြိုဆိုဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။ သံအမတ်ကြီး ဦးမြင့်သူ မှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အလေးထားတိုက်တွန်း ပြောကြားခဲ့ပါသည်။

အဆိုပါ ညစာစားပွဲအခမ်းအနားသို့ လွှတ်တော်အမတ်များ၊ Japan International Corporation Agency (JICA) နှင့် Japan External Trade Organization (JETEO) တို့မှ ကိုယ်စားလှယ်များ၊ ဂျပန်-မြန်မာ အသင်းဝင်များ၊ ဂျပန်စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသော ဂျပန်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ဧည်သည့်တော် (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။