(၈) ကြိမ်မြောက် နိုင်ငံတကာ ဆိုလာညီလာခံသို့ လျပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့်အတူ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

(၃၁-၁၀-၂၀၂၅ ၊ နယူးဒေလီ)

(၈) ကြိမ်မြောက် နိုင်ငံတကာ ဆိုလာညီလာခံကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ နယူးဒေလီမြို့ရှိ Bharat Mandapam, Pragati Maidanအဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့ရာ လျပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားအား ၂၈-၁၀-၂၀၂၅ ရက်တွင် ကျင်းပရာ အိန္ဒိယနိုင်ငံ အစိုးရ အဖွဲ့ဝင် အကြီးအကဲများ၊ ISA အဖွဲ့အစည်းမှ အကြီးအကဲများ၊ အဖွဲ့ဝင် နိုင်ငံ များမှ ကိုယ်စားလှယ်များ၊ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အိန္ဒိယနိုင်ငံသမ္မတ ရှရီမာတီ ဒရောပါဒီ မာမူက အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပါသည်။ Plenary Session အား အစီအစဉ် ၁၈ ခုဖြင့် ကျင်းပပြီး ဒုတိယဝန်ကြီးက A Global Opportunity for large scale Energy Transition ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင်panelist အဖြစ် လည်းကောင်း ပါဝင်ဆွေးနွေးပြောကြားခဲ့ပါသည်။

ညီလာခံအတွင်းတွင် အဖွဲ့ဝင်နိုင်ငံများသည် စွမ်းအင်ဆိုင်ရာအခြေအနေများ၊ အနာဂတ်အခွင့်အလမ်းများ၊ သင်တန်းအစီအစဉ်များနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ယင်းနေ့ညနေပိုင်းတွင် ISA ဥက္ကဋ္ဌ ဖြစ်သူ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး H.E. Pralhad V Joshi က ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံရာ ထိုနေ့ညနေပိုင်းတွင် မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ဒုတိယဝန်ကြီး၊ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။