(၈၁) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံး၊ ဂျကာတာမြို့မှ ကြီးမှူးကျင်းပ

(၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ဂျကာတာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၈၁) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံး၊ ဂျကာတာမြို့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ Hotel Borobudur ၌ ကျင်းပခဲ့သည်။

အခမ်းအနားအစီအစဉ်အရ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများ အား သီဆိုခြင်းနှင့် နိုင်ငံတော်အလံအား အလေးပြုခြင်းတို့ဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ဟိန်းဝင်းက တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း၊ မြန်မာ့ရိုးရာ အဆို၊ အကများဖြင့် ဖျော်ဖြေခြင်းနှင့် မြန်မာ့တပ်မတော်သမိုင်းအကျဉ်းနှင့် မြန်မာနိုင်ငံ၏ သဘာဝရှုခင်းဆိုင်ရာ ဗီဒီယိုများ ပြသခဲ့ပါသည်။

အခမ်းအနားသို့ ဂျကာတာမြို့အခြေစိုက် သံရုံးများနှင့် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ၊ အင်ဒိုနီးရှားတပ်မတော်မှ အရာရှိကြီးများ၊ ဂျကာတာမြို့ အခြေစိုက် စစ်သံရုံးများမှ စစ်သံမှူးများ၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြသည်။