(၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်  ဧည့်ခံပွဲအခမ်းအနားအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး နှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ရုံး တို့မှ ကြီးမှူးကျင်းပ

(၂၈-၃-၂၀၂ ရက်၊ ကွာလာလမ်ပူမြို့)

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်၊ ညနေပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ JW Marriott ဟိုတယ်၌ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ရုံးတို့မှ ပူးတွဲကြီးမှူးကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဧည့်ခံပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/ မြန်မာသံအမတ်ကြီး နှင့် မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) တို့မှ နှုတ်ခွန်းဆက် မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။

          အခမ်းအနားသို့ အထူးဧည်သည့်တော်အဖြစ် မလေးရှားတပ်မတော်ကာကွယ်​ရေးဦးစီးချုပ် ကိုယ်စား စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး Dato’ Seri Haji Muhammad Huzaimi bin Sabri နှင့် ဇနီးတို့က တက်ရောက်ချီးမြှင့်ခဲ့ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ Undersecretary Ambassador John K. Samuel နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ မလေးရှားနိုင်ငံ အခြေစိုက် အာဆီယံသံရုံးများနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ မလေးရှားကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ အငြိမ်းစားအရာရှိကြီးများ၊ ကွာလာလမ်ပူမြို့အခြေစိုက် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် ဇနီးများ၊ မြန်မာအသိုက်အဝန်းမှ ဧည့်သည်တော်များအပါအဝင် ဧည့်သည်တော် စုစုပေါင်း (၂၅၀) ခန့် ပါဝင်တက်ရောက်ခဲ့ပါသည်။

  ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား  မြန်မာ့ရိုးရာ အစားအစာများပါဝင်သည့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနား မစတင်မီနှင့် ညစာသုံးဆောင်နေစဉ်အတွင်း  မြန်မာ့ခရီးသွားအလှအပ ဗွီဒီယိုမှတ်တမ်းများ၊ မြန်မာ့တပ်မတော်၏ မှတ်တမ်းဗီဒီယိုများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အကပဒေသာများနှင့် မြန်မာ့ရိုးရာ စောင်းပညာရှင်၏ သီဆိုတီးခတ်မှုများဖြင့် ဖျော်ဖြေခဲ့ပါသည်။